၁။ | စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် မူဝါဒ၊ မဟာဗျူဟာ၊ လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးဆောင်ရွက်မည်။ |
၂။ | စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အထောက်အပံ့နှင့် ရင်းနှီးမြှုပ်နှံမှုများရရှိရေး ညှိနှိုင်းဆောင်ရွက်ရန်နှင့် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်၊ |
၃။ | စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးနှင့် ထိန်းသိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ဥပဒေ မူဘောင်များထွက်ပေါ်လာရေးနှင့် ပြန်ပြည့်မြဲစွမ်းအင်များ အသုံးချနိုင်ရေးအပါအဝင် ဆက်စပ်လုပ်ငန်းများအား အကောင်အထည်ဖော်နိုင်ရေးတို့ကို ဆောင်ရွက်မည်၊ |
၄။ | မူလဓာတ်ခွဲခန်းတည်ထောင်ခြင်း၊ အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခြင်း၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အမျိုးအစားခွဲခြားခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း ပြုလုပ်မည့် ဓာတုပစ္စည်းများအတွက် လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်း၊ မှတ်ပုံတင်ခြင်းနှင့် ထောက်ခံချက်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်မည်၊ |
၅။ | စက်နှင့်စက်ပစ္စည်းများကို ဆန်းသစ်တီထွင်၍ စမ်းသပ်သုတေသနပြုပြီး စက်မှုကဏ္ဍတွင် လက်တွေ့အသုံးချနိုင်ရေး ဆောင်ရွက်မည်၊ |
၆။ | အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည့် သတင်းအချက်အလက်၊ နည်းပညာ၊ အရင်းအနှီး၊ သွင်းအားစုနှင့် ဈေးကွက်ရရှိရေး ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် မည်၊ |
၇။ | ပြည်တွင်းရှိ တည်ထောင်ပြီး၊ တည်ထောင်ဆဲ စက်မှုဇုန်များအား စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရရှိရေး ဆောင်ရွက်မည်၊ |
၈။ | တည်ဆဲ ဥပဒေများ၊ နည်းဥပဒေများ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စက်မှုလုပ်ငန်းများ အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးနှင့် စက်မှုကဏ္ဍဆိုင်ရာ စာရင်းဇယားများ ရရှိနိုင်ရေးအတွက် ကြီးကြပ်စစ်ဆေးခြင်း၊ မှတ်ပုံတင်ပေးခြင်း၊ အားပေးမြှင့်တင် ခြင်းများ ဆောင်ရွက်မည်၊ |
၉။ | နိုင်ငံပိုင်စက်မှုလုပ်ငန်းများမှ ထုတ်ကုန်များအား တိုးမြှင့်ထုတ်လုပ်ခြင်း၊ ဈေးကွက်လိုအပ် ချက်နှင့်အညီ ထုတ်လုပ်ခြင်း၊ ဆန်းသစ်တီထွင်ထုတ်လုပ်ခြင်း၊ အရောင်းမြှင့်တင်ရေးအစီအစဉ်များ ပြုလုပ်ခြင်းတို့ဖြင့် အောင်မြင်မှုရရှိစေရန် ဆောင်ရွက်မည်၊ |
၁၀။ | နိုင်ငံပိုင်စက်ရုံများ၏ ကုန်ထုတ်လုပ်မှုတိုးမြှင့်နိုင်ရေးအတွက် နည်းပညာမြှင့်တင်ခြင်း၊ လိုအပ်သော ခေတ်မီစက်နှင့်စက်ပစ္စည်းများ ဖြည့်တင်းခြင်းတို့ကို ဆောင်ရွက်မည်၊ |
၁၁။ | ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံပိုင်စက်ရုံများအား စာချုပ်ပါစည်းကမ်း ချက်များနှင့်အညီ ဖွံ့ဖြိုးတိုးတက်၍ ရှေရှည်ရှင်သန်ရပ်တည်ရေး ကြပ်မတ်ဆောင်ရွက်မည်၊ |
၁၂။ | စက်မှုဆိုင်ရာကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များကို နိုင်ငံတကာစံနှုန်းများနှင့်အညီ လေ့ကျင့်မွေးထုတ်ပေးရေး၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လေ့လာ သင်ယူမှုအစီအစဉ်များ ဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးတို့ကို အကောင် အထည်ဖော်ဆောင်ရွက်မည်၊ |
၁၃။ | အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)၏ တိုးချဲ့စီမံကိန်း ဒုတိယအဆင့် (Phase 2) နှင့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းတို့ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည်၊ |
၁၄။ | လျှပ်စစ်သုံးယာဉ်ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကင်းစင်သော သယ်ယူပို့ ဆောင်ရေးစနစ်ကို တည်ထောင်နိုင်ရန် ဦးတည်သော မူဝါဒ၊ လုပ်ငန်းစဉ်များ ချမှတ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်မည်၊ |
၁၅။ | ဝါ ၊ ဆီထွက်သီးနှံ၊ ရာဘာစသည့် ပြည်တွင်းကုန်ကြမ်းအခြေပြု စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေပြီး ချည်၊ ပိတ်၊ အထည်၊ စားသုံးဆီ၊ ဘိလပ်မြေ၊ လူသုံးကုန်စသည်တို့ကို ပြည်တွင်းသုံးစွဲမှုဖူလုံစေရေး ဦးတည်ဆောင်ရွက်မည်၊ |
၁၆။ | ပြည်တွင်းဆေးဝါးလိုအပ်ချက်အား အရည်အသွေးနှင့်အရေအတွက်ပြည့်မီစွာ အချိန်နှင့် တစ်ပြေးညီ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး စီမံဆောင်ရွက်မည်၊ |
၁၇။ | ဒီဂျစ်တယ်စနစ်ပြောင်းလဲအသုံးပြုနိုင်ရေး (Digital Transformation) အတွက် e-Governance Master Plan ပါ လုပ်ငန်းစဉ်များအား အချိန်နှင့်တစ်ပြေးညီ အကောင် အထည်ဖော်နိုင်ရေး ဆောင်ရွက်မည်၊ |
၁၈။ | ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အဆောက်အဦ၊ လမ်း၊ ရုံးသုံးပစ္စည်းများစသည့် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းဆောင် ရွက်ခြင်း၊ ပုံသေပိုင်ပစ္စည်းများအား စီမံခန့်ခွဲခြင်းနှင့် ငွေကြေးစီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက် မည်။ |
၁၉။ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့မှ အခါအားလျော်စွာ ပေးအပ်သောလုပ်ငန်းတာဝန်များကို ဆောင်ရွက်မည်။ |