ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
စက်မှုဝန်ကြီးဌာန
အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
စက်မှုနယ်မြေ(သထုံ)ဧရိယာအတွင်းရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန် စိတ်၀င်စားမှုဖော်ပြခြင်း အဆိုပြုလွှာခေါ်ယူခြင်း
စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ အင်းရှည်ရွာအနီးရှိ စက်မှုနယ်မြေ(သထုံ)ဧရိယာအတွင်း မည်သည့်စက်မှုလုပ်ငန်းအမျိုးအစားမဆို ဆောင်ရွက်လိုသည့် ပြည်တွင်း၊ ပြည်ပစီးပွားရေး လုပ်ငန်းရှင်များအား လုပ်ငန်းများ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
စိတ်ပါဝင်စားသည့်ရင်းနှီးမြှုပ်နှံသူများသည် ဆောင်ရွက်လိုသည့်လုပ်ငန်း၊ ပူးပေါင်းဆောင်ရွက် လိုသောစနစ်များ ဖော်ပြပါရှိသော စိတ်၀င်စားမှုဖော်ပြခြင်းအဆိုပြုလွှာအား ဦးဆောင်ညွှန်ကြားရေးမှူး၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သို့ လိပ်မူလျက် (၂၈-၉-၂၀၁၈)ရက်နေ့ ညနေ(၁၆:၀၀)နာရီ (မြန်မာစံတော်ချိန်) အရောက် ပေးပို့ရမည်ဖြစ်ပါသည်။
စက်မှုနယ်မြေ(သထုံ)ဆိုင်ရာ အခြေခံအချက်အလက်များအား ရုံးချိန်အတွင်း အထက်ပါလိပ်စာ တွင် (၃၀-၇-၂၀၁၈)ရက်နေ့မှစ၍ ရယူနိုင်ပြီး ရင်းနှီးမြှုပ်နှံလိုသူများသည် မိမိ၏အဆိုပြုလွှာများအား အောက်ဖော်ပြပါ ကုမ္ပဏီဆိုင်ရာအထောက်အထားများယူဆောင်ပြသလျှက် လူကိုယ်တိုင် လာရောက် ပေးပို့ရမည်ဖြစ်ပါသည်-
- | ရင်းနှီးမြှုပ်နှံရန် စိတ်၀င်စားကြောင်းကို တိကျသေချာစွာဖော်ပြထားသည့် အကြောင်းကြားစာ |
- | သက်တမ်းရှိကုမ္ပဏီမှတ်ပုံတင်လက်မှတ် |
- | ကုမ္ပဏီသင်းဖွဲ့စည်းမျဉ်း၊စည်းကမ်း/ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း |
- | နည်းပညာပူးပေါင်းဆောင်ရွက်မည့် နိုင်ငံခြားကုမ္ပဏီ၏အချက်အလက်များ (ပြည်တွင်းကုမ္ပဏီဖြစ်ခဲ့လျှင်) |
- | ရင်းနှီးမြှုပ်နှံလိုသူ၏ လုပ်ကိုင်မည့်လုပ်ငန်းအတွက်အတွေ့အကြုံ |
- | အသေးစိတ်သိရှိလိုပါကဖုန်းနံပါတ်: +၉၅၆၇၄၀၈၁၂၉, ၀၉၂၅၄၅၅၇၈၈၇ အီးမေးလ်: mpcipl@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။ |