THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း ရှိ အမှတ်(၁) အထည်စက်ရုံ (ရွှေတောင်)အတွက် စက်နှင့...

အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း ရှိ အမှတ်(၁) အထည်စက်ရုံ (ရွှေတောင်)အတွက် စက်နှင့်စက်ပစ္စည်းများဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


Tue 16-07-2024 No.1 Textile Factory (Shwedaung)

စက်မှုဝန်ကြီးဌာန
အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
စက်နှင့်စက်ပစ္စည်းများဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
အိတ်ဖွင့်တင်ဒါအမှတ် (   /၂၀၂၄-၂၀၂၅) (စက်နှင့်စက်ပစ္စည်း)

၁။    စက်မှုဝန်ကြီးဌာန၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းရှိ အမှတ်(၁) အထည်စက်ရုံ (ရွှေတောင်)အတွက် အောက်ဖော်ပြပါ စက်နှင့်စက်အရန်ပစ္စည်းများအား ဝယ်ယူမည်ဖြစ်ပြီး စက်ရုံသို့အရောက် မြန်မာကျပ်ငွေဖြင့် ဝယ်ယူဖြည့်တင်းဆောင်ရွက်လိုပါသည် -
    (က)    အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်) စက်နှင့်စက်အရန်ပစ္စည်းဝယ်ယူခြင်း
        (၁) Spare Parts for Spinning Machineries (1) Lot
        (၂) Spare Parts for Finishing Machineries (1)Lot
        (၃) Electrical Part (1)Lot
        (၄) Quality Control Machineries (1)Lot

၂။    တင်ဒါပေးသွင်းရမည့်အစီအစဉ်
    (က)    တင်ဒါပုံစံရောင်းချမည့်ရက်               -    ၁၅.၇.၂၀၂၄
    (ခ)    တင်ဒါပိတ်သွင်းရမည့်ရက်နှင့်အချိန်     -    ၂၆.၇.၂၀၂၄ ရက်၊ ၁၆:၀၀ နာရီ
    (ဂ)    တင်ဒါတင်သွင်းရမည့်နေရာ        -    တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်

၃။    တင်ဒါပုံစံများကို ၁၅.၇.၂၀၂၄ ရက်နေ့မှစ၍ ရုံးချိန်အတွင်း စီမံရေးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်တွင် လာရောက် ဝယ်ယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း(ရုံးချုပ်)၊ ဖုန်း (၀၆၇-၄၀၈၁၈၅၊ ၀၆၇-၄၀၈၀၇၀ နှင့် အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်)၊ ဖုန်း ၀၉-၉၇၀၂၄၁၂၁၉ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

                                                    


Top