စက်မှုဝန်ကြီးဌာန
အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ) ရှိ Air Seperation Plant မှ
ထွက်ရှိသော Gas Oxygen များအား အရောင်းကိုယ်စားလှယ်ဖြင့် ရောင်းချရန် တင်ဒါထပ်မံခေါ်ယူခြင်း
စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)ရှိ Air Seperation Plant မှ ထွက်ရှိသော Gas Oxygen များအား အရောင်းကိုယ်စားလှယ်ဖြင့် ရောင်းချနိုင်ရေးအတွက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် အောက်ပါအတိုင်း ရောင်းချမည်ဖြစ်၍ အမှတ်(၁)သံမဏိ စက်ရုံ(မြင်းခြံ)သို့ သွားရောက် ကြည့်ရှုပြီး Gas Oxygen(100 Bar) 40 Liter Oxygen (၁)အိုး ဈေးနှုန်းဖြင့် ဈေးနှုန်းတင်သွင်းရန် ထပ်မံ ဖိတ်ခေါ်အပ်ပါသည်-
(က) တင်ဒါပုံစံ ထပ်မံ ရောင်းချမည့်ရက် - ၃၁. ၇ . ၂၀၂၄ ရက်နေ့ထိ(ရုံးချိန်အတွင်း)
( ခ ) တင်ဒါပိတ်ရက် - ၃၁. ၇ . ၂၀၂၄ ရက် ၊ (၁၆ : ၀၀)နာရီ
( ဂ ) တင်ဒါတင်သွင်းရမည့်နေရာ - စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ ရောင်းချဖြန့်ဖြူးရေးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်။
(ဃ) ဆက်သွယ်ရမည့် ဖုန်းနံပါတ် - ၀၆၇-၃၄၀၅၃၂၃
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း