စက်မှုဝန်ကြီးဌာန
အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)အနေဖြင့် သက်တမ်းလွန် ယာဉ်အို/ယာဉ်ဟောင်းများမှ ထွက်ရှိလာသော ဒိုင်နမို(၅၀၀၀)လုံးနှင့် မော်တာ(၅၀၀၀)လုံးတို့အား တင်ဒါစနစ်ဖြင့် ရောင်းချရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
စက်မှုဝန်ကြီးဌာန၊အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)အနေဖြင့် သက်တမ်းလွန် ယာဉ်အို/ယာဉ်ဟောင်းများမှ ထွက်ရှိလာသော ဒိုင်နမို(၅၀၀၀)လုံးနှင့် မော်တာ(၅၀၀၀) လုံးတို့အား မျက်မြင်အခြေအနေအတိုင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် အောက်ပါအတိုင်း ရောင်းချမည်ဖြစ်၍ သက်ဆိုင်ရာစက်ရုံသို့ သွားရောက်ကြည့်ရှုပြီး ဈေးနှုန်းတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
(က) တင်ဒါပုံစံစတင်ရောင်းချမည့်ရက် - ၁၆-၇-၂၀၂၄ ရက်(ရုံးချိန်အတွင်း)
( ခ ) တင်ဒါပိတ်ရက် - ၁၅-၈-၂၀၂၄ ရက်(၁၆ : ၀၀)နာရီ
( ဂ ) တင်ဒါတင်သွင်းရမည့်နေရာ - စက်မှုဝန်ကြီးဌာန၊အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်။
(ဃ) ဆက်သွယ်ရမည့် ဖုန်းနံပတ် - ၀၆၇-၃၄၀၅၃၂၃
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း