အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းရှိ အောက်ဖော်ပြပါ စက်ရုံများတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို မြန်မာကျပ်ငွေဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်လိုပါသည် -
စဉ် လုပ်ငန်းအမည်
၁။ အမှတ်(၇)အထည်စက်ရုံခွဲ (ဝမ်းတွင်း)
အဆောက်အဦများ ပြုပြင်မွမ်းမံခြင်း
- ဆေးဆိုးဖိုအဆောက်အဦ (၄၀'x၁၆'x ၈') ပြိုကျပျက်စီးခြင်းများအား ပြုပြင်မွမ်းမံခြင်း
- ရက်ကန်းရုံအမှတ် (၂) (၂၃၅'x ၁၀၀'x ၃၀') နှင့် ကုန်ကြမ်း၊ ကုန်ချောသိုလှောင်ရုံ (၁၀၀'x ၄၀' x ၁၄') အမိုးများ ကွာကျပျက်စီးခြင်းအား ပြုပြင်မွမ်းမံခြင်း
- စုပေါင်းရုံး (၃၄' x ၂၈' x ၁၉') အမိုးမျက်နှာကျက်များ ကွာကျခြင်းအား ပြုပြင်မွမ်းမံခြင်းနှင့် မိလ္လာကန်ပျက်စီးခြင်းများအား ပြုပြင်မွမ်းမံခြင်း
၂။ အမှတ်(၈)အထည်စက်ရုံ (ပျော်ဘွယ်)
စက်ရေတွင်းတူးဖော်ခြင်းနှင့် ရေစုကန်တည်ဆောက်ခြင်း
- 4"Ø - ၅၀၀' စက်ရေတွင်းတူးဖော်ခြင်း
- ရေစုကန် (၁၀' x ၁၀' x ၈') တည်ဆောက်ခြင်း
၂။ ဈေးနှုန်းတင်သွင်းလွှာများကို ပေးသွင်းရမည့်အစီအစဉ်
(က) တင်ဒါပိတ်သိမ်းမည့်ရက်နှင့်အချိန် - (၁၂.၇.၂၀၂၄) ရက်နေ့ ညနေ (၁၆:၀၀)နာရီ
(ခ) တင်ဒါတင်သွင်းရမည့်နေရာ - တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊နေပြည်တော်
၃။ တင်ဒါပုံစံကို (၂၈.၆.၂၀၂၄)ရက်နေ့မှစ၍ ရုံးချိန်အတွင်း နည်းပညာဖွံ့ဖြိုးရေးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်တွင် လာရောက်ဝယ်ယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း (ရုံးချုပ်) ဖုန်း ၀၆၇-၄၀၈၁၂၉၊ အမှတ် (၇)အထည်စက်ရုံခွဲ (ဝမ်းတွင်း)၊ ဖုန်း ၀၆၄-၂၀၅၀၀၀၅ နှင့် အမှတ် (၈)အထည်စက်ရုံ (ပျော်ဘွယ်)၊ ဖုန်း ၀၆၄-၂၀၄၉၉၈၁ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။