စက်မှုဝန်ကြီးဌာန
အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)ရှိ သက်တမ်းလွန်နေသော Chemical (၆၈)မျိုး၊ Consumable (၈) မျိုးနှင့် Refractory (၂၃)မျိုး၊ ပစ္စည်းစုစုပေါင်း (၉၉)မျိုးတို့အား မျက်မြင်အခြေအနေအတိုင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် Lot (၂) ခုခွဲ၍ အောက်ပါအတိုင်း ရောင်းချမည်ဖြစ်၍ သက်ဆိုင်ရာစက်ရုံသို့ သွားရောက်ကြည့်ရှုပြီး ဈေးနှုန်းတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
(က) တင်ဒါပုံစံစတင်ရောင်းချမည့်ရက် - ၂-၇-၂၀၂၄ ရက် (ရုံးချိန်အတွင်း)
(ခ) တင်ဒါပိတ်ရက် - ၂၃-၇-၂၀၂၄ ရက် (၁၆း၀၀)နာရီ
(ဂ) တင်ဒါတင်သွင်းရမည့်နေရာ - စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်။
(ဃ) ဆက်သွယ်ရမည့်ဖုန်းနံပါတ် - ၀၆၇-၃၄၀၅၃၂၃
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း