စက်မှုဝန်ကြီးဌာန
အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)အတွက် ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း စက်အရန်ပစ္စည်း(၁၆)မျိုးအား စက်ရုံအရောက် မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသည်
၂။ တင်ဒါပုံစံများကို (၁၇.၆.၂၀၂၄)ရက်နေ့မှစ၍ ရုံးချိန်အတွင်း ထုတ်လုပ်ရေးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း(ရုံးချုပ်)၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်တွင် ဝယ်ယူနိုင်ပြီး၊ အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း-၀၆၇-၄၀၅၀၅၆၊ ၀၉-၉၆၃၁၁၃၂၄၆ တွင် စုံစမ်းနိုင်ပါသည်။
၃။ တင်ဒါပိတ်ရက်နှင့်အချိန် - (၁.၇.၂၀၂၄)ရက်နေ့၊ (၁၆:၀၀)နာရီ။
၄။ တင်ဒါတင်သွင်းရမည့်နေရာ - ထုတ်လုပ်ရေးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း