THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News အမိန့်ကြော်ငြာစာအမှတ် ၊ ၁ / ၂၀၂၄ Ethylene Oxide အား တားမြစ်ဓာတုပစ္စည်းအဖြစ်မှ ပယ...

အမိန့်ကြော်ငြာစာအမှတ် ၊ ၁ / ၂၀၂၄ Ethylene Oxide အား တားမြစ်ဓာတုပစ္စည်းအဖြစ်မှ ပယ်ဖျက်ခြင်း


Wed 12-06-2024 Directorate of Industrial Collaboration

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့
အမိန့်ကြော်ငြာစာအမှတ် ၊ ၁ / ၂၀၂၄
၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက် (၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်)
Ethylene Oxide အား တားမြစ်ဓာတုပစ္စည်းအဖြစ်မှ ပယ်ဖျက်ခြင်း

၁။    ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့သည် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၅ ၊ ပုဒ်မခွဲ (ဇ) နှင့် ပုဒ်မ၄၇၊ ပုဒ်မခွဲ(ခ)တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။
၂။     ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့မှ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၁၆ အပိုဒ် ခွဲ(ဂ)၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ သတ်မှတ်ခဲ့သော ကြိုတင်အသိပေးရမည့် ပိုးသတ်ဆေးများ၊ အပိုဒ်ခွဲငယ်(၁၄)တွင် ထည့်သွင်းခဲ့သည့် Ethylene Oxide အား တားမြစ်ဓာတုပစ္စည်းအဖြစ်မှ ပယ်ဖျက်လိုက်သည်။

ဥက္ကဋ္ဌ
ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ
တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့


Top