စက်မှုဝန်ကြီးဌာန
မြန်မာ့ဆေးဝါးလုပ်ငန်း
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)နှင့် ဆေးဝါးစက်ရုံ(အင်ရောင်း)တို့မှ ထုတ်လုပ်သောဆေးဝါးများအား ကာကွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုဖူလုံရေးအဖွဲ့တို့သို့ Door to Door စနစ်ဖြင့် ပေးပို့ရန်အတွက် ကုန်တင်ယာဉ်(၁၂)ဘီးယာဉ်၊ (၆) ဘီးယာဉ်များ ငှားရမ်းရန် အိတ်ဖွင့်တင်ဒါများပေးသွင်းနိုင်ပါသည်-
(က) တင်ဒါလျှောက်လွှာနောက်ဆုံးတင်ရမည့်ရက်/အချိန် - (၂၄.၅.၂၀၂၄)ရက်နေ့
(ခ) တင်ဒါဖွင့်မည့်ရက် - ကြိုတင်ကြေငြာပါမည်။
(ဂ) တင်ဒါတင်သွင်းရမည့်နေရာ - မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးရုံးခန်း
(ဃ) ဆက်သွယ်ရမည့်ဖုန်းနံပါတ် - ၀၆၇-၃၄၀၈၁၄၉ / ၀၆၇-၃၄၀၈၃၈၁
၂။ တင်ဒါလျှောက်လွှာများကို မြန်မာ့ဆေးဝါးလုပ်ငန်း(ရုံးချုပ်)၊ ရောင်းချဖြန့်ဖြူးရေးဌာနတွင် ရုံးချိန်အတွင်း စုံစမ်းဝယ်ယူနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
မြန်မာ့ဆေးဝါးလုပ်ငန်း