စက်မှုဝန်ကြီးဌာန
မြန်မာ့ဆေးဝါးလုပ်ငန်း
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံများမှ ထုတ်လုပ်သည့် ဆေးဝါးများကို ဌာနကြီးများသို့ ရောင်းချပြီး ပိုလျှံသည့် ဆေးဝါးများအား ရောင်းချနိုင်ရေး အရောင်းကိုယ်စားလှယ်များ ထားရှိရန်အတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူမည်ဖြစ်ပါသည်-
(က) တင်ဒါပုံစံရောင်းချမည့်ရက် - (၆.၅.၂၀၂၄) ရက်နေ့မှ (၂၁.၅.၂၀၂၄) ရက်နေ့ထိ(နံနက် ၉း၃၀ မှ ညနေ ၁၆း၀၀)နာရီထိ
(ခ) တင်ဒါလျှောက်လွှာ နောက်ဆုံးတင်ရမည့်ရက်/အချိန် - (၂၁.၅.၂၀၂၄) ရက်နေ့ မွန်းလွဲ(၁၆း၀၀)နာရီ
(ဂ) တင်ဒါဖွင့်မည့်ရက် - ကြိုတင်ကြေငြာပါမည်။
(ဃ) တင်ဒါတင်သွင်းရမည့်နေရာ - မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးရုံးခန်း၊
(င) ဆက်သွယ်ရမည့်ဖုန်းနံပါတ် - ၀၆၇-၃၄၀၈၁၄၉/ ၀၆၇-၃၄၀၈၃၇၇
၂။ တင်ဒါလျှောက်လွှာများကို မြန်မာ့ဆေးဝါးလုပ်ငန်း(ရုံးချုပ်)၊ ရောင်းချဖြန့်ဖြူးရေးဌာနတွင် ရုံးချိန်အတွင်း စုံစမ်းဝယ်ယူနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
မြန်မာ့ဆေးဝါးလုပ်ငန်း