အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းကြီးကြပ်မှုအောက်ရှိ ပြင်ဦးလွင်မြို့၊ ဗိုလ်ချုပ်လမ်းနှင့် မန္တလေး-လားရှိုးလမ်းထောင့်တွင်တည်ရှိပြီး (၇၆'x ၄၇'x ၁၂') အကျယ်ရှိ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း တစ်ထပ်အဆောက်အဦဖြစ်သည့် ဝင်းသူဇာအရောင်းဆိုင်(ပြင်ဦးလွင်)နှင့် အဆိုပါဆိုင်နှင့် ကပ်လျက်ရှိသော စားသောက်ဆိုင် (၃၀'x ၁၂'x ၁၁'.၃") အကျယ်ရှိ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း အဆောက်အဦတို့အား (၁)နှစ်ချင်း သက်တမ်းတိုးဖြင့် (၅)နှစ် ငှားရမ်းသွားမည်ဖြစ်၍ အငှားချထားလိုပါသည် -
(က) တင်ဒါပုံစံရောင်းချမည့်ရက် - (၂၅.၃.၂၀၂၄ ရက်နေ့မှ (၅.၄.၂၀၂၄) ရက်နေ့ထိ (နံနက် ၉:၃၀ မှ ညနေ ၁၆:၀၀)နာရီထိ
(ခ) တင်ဒါလျှောက်လွှာနောက်ဆုံးတင်ရမည့်ရက်/အချိန် - (၅.၄.၂၀၂၄)ရက်နေ့၊ မွန်းလွဲ (၁၆:၀၀)နာရီ
(ဂ) တင်ဒါဖွင့်မည့်ရက် - ကြိုတင်ကြေငြာပါမည်။
(ဃ) တင်ဒါတင်သွင်းရမည့်နေရာ - မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးရုံးခန်း
(င) ဆက်သွယ်ရမည့်ဖုန်းနံပါတ် - ၀၆၇-၃၄၀၈၁၄၉၊ ၀၆၇-၃၄၀၈၃၈၁
၂။ တင်ဒါလျှောက်လွှာများကို မြန်မာ့ဆေးဝါးလုပ်ငန်း (ရုံးချုပ်)၊ ရောင်းချဖြန့်ဖြူးရေးဌာနတွင် ရုံးချိန်အတွင်း စုံစမ်းဝယ်ယူနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
မြန်မာ့ဆေးဝါးလုပ်ငန်း