အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းကြီးကြပ်မှုအောက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ဝင်းသူဇာအရောင်းဆိုင်(ဟုမ္မလင်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်ရှိ ဝင်းသူဇာအရောင်းဆိုင်(ကလေး)တို့အား (၁)နှစ်ချင်း သက်တမ်းတိုးဖြင့် (၅)နှစ် ငှားရမ်းသွားမည်ဖြစ်၍ အငှားချထားလိုပါသည်-
(က) တင်ဒါပုံစံရောင်းချမည့်ရက် - (၅.၂.၂၀၂၄) ရက်နေ့မှ (၁၆.၂.၂၀၂၄) ရက်နေ့ထိ၊ (နံနက် ၉း၃၀ မှ ညနေ ၁၆း၀၀)နာရီထိ
(ခ) တင်ဒါလျှောက်လွှာနောက်ဆုံးတင်ရမည့်ရက်/အချိန် - (၁၆.၂.၂၀၂၄) ရက်နေ့၊ မွန်းလွဲ (၁၆း၀၀)နာရီ
(ဂ) တင်ဒါဖွင့်မည့်ရက် - ကြိုတင်ကြေငြာပါမည်။
(ဃ) တင်ဒါတင်သွင်းရမည့်နေရာ - မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးရုံးခန်း
(င) ဆက်သွယ်ရမည့် ဖုန်းနံပါတ် - ၀၆၇-၃၄၀၈၁၄၉ / ၀၆၇-၃၄၀၈၃၈၁
၂။ တင်ဒါလျှောက်လွှာများကို မြန်မာ့ဆေးဝါးလုပ်ငန်း(ရုံးချုပ်) ၊ ရောင်းချဖြန့်ဖြူးရေးဌာနတွင် ရုံးချိန်အတွင်း စုံစမ်းဝယ်ယူနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
မြန်မာ့ဆေးဝါးလုပ်ငန်း