ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စက်မှုဝန်ကြီးဌာန
မြန်မာ့ဆေးဝါးလုပ်ငန်း
အလုပ်လျှောက်လွှာခေါ်ယူခြင်း
ကြော်ငြာစာအမှတ်(၁/၂၀၁၈)
၁။ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေဝါးစက်ရုံ(အင်းစိန်)နှင့် ဆေးဝါး စက်ရုံ(အင်ရောင်း)တို့တွင် လစ်လပ်လျက် ရှိသော အလုပ်ရုံစိတ်မှူး၊ လစာနှုန်း(၂၁၆,၀၀ဝိ- ၂,၀၀ဝိ- ၂၂၆,၀၀ဝိ)တန်း ရာထူး(၂၀)နေရာ အတွက် B.Pharm, B.Med.Tech( Medical Laboratory Technology) , M.Sc(Biotechnology)နှင့် M.Sc(Chemistry)ဘွဲ့ရ များ လျှောက်လွှာတင်သွင်း နိုင်ပါသည်။
၂။ အလုပ်ရုံစိတ်မှူး ရာထူးနေရာအတွက် သတ်မှတ်ချက်များနှင့် ကိုက်ညီသူများသည် ကိုယ်တိုင်ရေးလျှောက်လွှာနှင့်အတူ လိုအပ်သည့် စာရွက်စာတမ်းအထောက်အထားများ ပူးတွဲ၍ မြန်မာ့ဆေးဝါး လုပ်ငန်း(ရုံးချုပ်)၊ အုပ်ချုပ်ရေးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော် သို့ ၁၄-၁၂-၂၀၁၈ ရက်(သောကြာနေ့)နောက်ဆုံးထား၍ ရုံးချိန် အတွင်း လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ လာရောက် လျှောက်ထားနိုင်ပါသည်။
၃။ လျှောက်ထားသူများသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
( ခ) ၂၂-၁၂-၂၀၁၈ ရက်နေ့တွင် အသက်(၂၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်၊
( ဂ) နိုင်ငံ့ဝန်ထမ်း(အမြဲတမ်းဝန်ထမ်း)ဖြစ်ပါက ၂၂-၁၂-၂၀၁၈ ရက်နေ့တွင် အသက်(၃၀)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်၊
( ဃ) နိုင်ငံ့ဝန်ထမ်း (အမြဲတမ်းဝန်ထမ်း) ဖြစ်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ ခွင့်ပြုကြောင်း ထောက်ခံချက်မူရင်း ပူးတွဲတင်ပြရမည်၊
( င) (၃)လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့ဓါတ်ပုံ (၃)ပုံ၊ ဘွဲ့လက်မှတ်မိတ္တူ၊ အခြား တတ်ကျွမ်းသော ဘာသာရပ်များ အတွက် အောင်လက်မှတ်မိတ္တူ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ ၊ သက်တမ်းရှိ အလုပ်သမားမှတ်ပုံတင်ကတ်ပြားမူရင်း၊ (၁)လအတွင်း ပြုလုပ်ထားသော အကျင့်စာရိတ္တကောင်းမွန်ကြောင်း ကျေးရွာ/ ရပ်ကွက်ထောက်ခံစာမူရင်း၊ ပြစ်မှုကင်းရှင်း ကြောင်း သက်ဆိုင်ရာရဲစခန်း ထောက်ခံစာမူရင်းနှင့် ကျန်းမာကြောင်း ဆေးလက်မှတ်မူရင်းတို့အား ပူးတွဲ တင်ပြရမည်၊
၄။ အရည်အချင်းစစ်ရေးဖြေစာမေးပွဲကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ ဘာသာရပ်များအား (၂၂- ၁၂- ၂၀၁၈)ရက် (စနေနေ့)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ ရေးဖြေအောင် မြင်သူများကိုသာ လူတွေ့စစ်ဆေး သွားမည်ဖြစ်သည်။
၅။ စာမေးပွဲဖြေဆိုခွင့် ကတ်ပြား(ခုံအမှတ်)ကို မြန်မာ့ဆေးဝါး လုပ်ငန်း(ရုံးချုပ်)၊ အုပ်ချုပ်ရေးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်၌ (၂၁-၁၂-၂၀၁၈)ရက်(သောကြာနေ့)တွင် ရုံးချိန်အတွင်း လူကိုယ် တိုင် လာရောက် ထုတ်ယူရမည်ဖြစ်ပြီး၊ အရည်အချင်းစစ် လူတွေ့ စစ်ဆေးခြင်းပြုလုပ်မည့် နေ့ရက်အား ထပ်မံအသိပေးသွားမည် ဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များအားသိရှိလိုပါက မြန်မာ့ ဆေးဝါးလုပ်ငန်း(ရုံးချုပ်)၊ နေပြည်တော်၊ ဖုန်း- ၀၆၇ ၄၀၈၁၈၇ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။လျှောက်လွှာကို အောက်ဖော်ပြပါ link တွင် ရယူနိုင်ပါသည်။