THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာပိုစတာ၊ ဗီဒီယိုနှင့် စာစီစာကုံးပြိုင...

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာပိုစတာ၊ ဗီဒီယိုနှင့် စာစီစာကုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း


Fri 28-07-2023 Ministerial Office

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာပိုစတာ၊ ဗီဒီယိုနှင့် စာစီစာကုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

၁။    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးပိုစတာ၊ ဗီဒီယိုနှင့် စာစီစာကုံး ပြိုင်ပွဲကို “အဂတိလိုက်စားမှုများတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ရာ လူငယ်လူရွယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
၂။    ပြိုင်ပွဲအတွက် စည်းကမ်းသတ်မှတ်ချက်များမှာအောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-
       (က)    ပြိုင်ပွဲဝင်များသည် အသက် ၁၄ နှစ်မှ ၃၅ နှစ်အတွင်း (တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက်) လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
    (ခ) ပိုစတာနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ Hard Copy ၊ Soft Copy (၂)စုံ ပြုစု၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် ၃၅၊ နေပြည်တော်သို့ ၁၀-၉-၂၀၂၃ ရက်နေ့ (၁၆:၀၀) နာရီ မတိုင်မီ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့် ဖြစ်စေ၊ e-mail လိပ်စာဖြစ်သည့် theinlwinfsa@gmail.com သို့ ဖြစ်စေပေးပို့နိုင်ပါသည်။ အသေးစိတ်အချက်အလက်များနှင့် ပြိုင်ပွဲဝင်ခွင့် လျှောက်လွှာကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ Website တွင် အခမဲ့ Download ရယူနိုင်ပြီး ဒေါက်တာသိန်းလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန) ၀၉ ၅၁၁၀၆၇၇ နှင့် ဦးလင်းဝေအောင်၊ ညွှန်ကြားရေးမှူး (အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်) ၀၉ ၄၃၁၈၅၁၂၇ တို့သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်- 
            (၁)    Format    JPG ၊ A3 (297 x 420 mm) with correct aspect ratio၊
            (၂)    Resolution    300 dpi ၊
            (၃)    File Size    15 Mb ထက်မပိုစေရ။
    ( ဂ )    ဗီဒီယိုနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ Soft Copy (CD) ၂ ချပ် ပြုစု၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၇၊ နေပြည်တော်သို့ ၁၀-၉-၂၀၂၃ ရက်နေ့ (၁၆:၀၀) နာရီ မတိုင်မီ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့် ဖြစ်စေ၊ e-mail လိပ်စာဖြစ်သည့် ms.khinmoeou@gmail.com သို့ဖြစ်စေ ပေးပို့ နိုင်ပါသည်။ အသေးစိတ်အချက်အလက်များနှင့် ပြိုင်ပွဲဝင်ခွင့် လျှောက်လွှာကို ပြန်ကြားရေးဝန်ကြီးဌာန၏ Website တွင် အခမဲ့ Download ရယူနိုင်ပြီး ဒေါ်ခင်မိုးဥ၊ ညွှန်ကြားရေးမှူး၊ (ပြန်ကြားရေးဝန်ကြီးဌာန) ၀၉-၅၁၉၆၈၅၀ နှင့် ဒေါ်ဇာဇာမိုး၊ ညွှန်ကြားရေးမှူး၊ (အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်) ၀၉-၄၀၀၄၀၅၆၇၅ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-  
           (၁)    Format    mpeg 4၊
           (၂)    Resolution    1920 x 1080 p ထက်မပိုစေရ၊
           (၃)    File Size    300 Mb ထက်မပိုစေရ၊
           (၄)    Sound    16-bit, stereo၊
           (၅)    Duration     120 Seconds ထက်မပိုစေရ။
    (ဃ)    စာစီစာကုံးနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ Hard Copy (၁) စုံ၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၃) နေပြည်တော်သို့  ၁၀-၉-၂၀၂၃ ရက်နေ့ (၁၆:၀၀) နာရီ မတိုင်မီ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ ပေးပို့နိုင်ပါသည်။ အသေးစိတ်အချက်အလက်များနှင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာ ကို ပညာရေးဝန်ကြီးဌာန၏ Website တွင် အခမဲ့ Download ရယူနိုင်ပြီး ဦးကျော်ဆွေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပညာရေးဝန်ကြီးဌာန) ၀၉-၂၅၀၁၃၁၆၈၈ နှင့် ဒေါ်အေးမြတ်မွန်၊ ညွှန်ကြားရေးမှူး (အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်) ၀၉-၄၃၀၁၉၂၀၈ တို့သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်-  
           (၁)    ဘာသာစကား    မြန်မာ၊
           (၂)    ပုံစံ    လက်ရေးမူဖြစ်ရမည်၊
           (၃)    စာမျက်နှာ    A4 အရွယ်အစား (၅) မျက်နှာမှ (၈) မျက်နှာအတွင်း၊
           (၄)    ကန့်သတ်ချက်    ကျောကပ်ရေးသားခြင်းမပြုရ။
၃။    ပြိုင်ပွဲဝင်လက်ရာများတွင် မြန်မာဘာသာစကား သို့မဟုတ် အင်္ဂလိပ်ဘာသာစကားဖြင့် ဖော်ပြထားသော ရှင်းလင်းချက်စာသား (ပိုစတာပြိုင်ပွဲဝင် လက်ရာအတွက်) နှင့် စာတန်းထိုး (ဗီဒီယို ပြိုင်ပွဲဝင် လက်ရာအတွက်) နှင့်အတူ ပြိုင်ပွဲဝင်သူ၏ အမည်၊ အသက် (အဖွဲ့လိုက် ယှဉ်ပြိုင်ခြင်း ဖြစ်ပါက အဖွဲ့အမည်ကို ဖော်ပြရမည်) ဖြစ်ပါသည်။ 
၄။    ပြိုင်ပွဲဝင် ပိုစတာ၊ ဗီဒီယိုနှင့် စာစီစာကုံးတို့ အနက်မှ ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့် ပိုစတာ၊ ဗီဒီယိုနှင့် စာစီစာကုံးတို့ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် “အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား” တွင် ဆုချီးမြှင့်ပေးမည်ဖြစ်ပါသည်။
၅။    ပထမဆုရရှိသည့် ပိုစတာ နှင့်ဗီဒီယို ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးသို့ မြန်မာ နိုင်ငံကိုယ်စားပြုအနေဖြင့် ပေးပို့ယှဉ်ပြိုင်စေမည်ဖြစ်ပြီး ပထမဆု အပါအဝင် အကောင်းဆုံး ပိုစတာနှင့် ဗီဒီယို (၁၀) ခုကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု ဆောင်ရွက်ချက်များအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံး၏ Website သို့ ပေးပို့သွားမည်ဖြစ်ပါသည်။ 
၆။    ပြိုင်ပွဲဝင်များသည် အောက်ပါ အချက်များကို လိုက်နာရမည်-
    (က)    တည်ဆဲဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့်ဆန့်ကျင်သော စာသားများ၊ ဇာတ်ကွက်များ၊ သရုပ်ဖော်မှုများ၊ အသုံးအနှုန်းများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ၍ဖြစ်စေ ထည့်သွင်းခြင်းမပြုရ၊
       (ခ)    မူပိုင်ခွင့်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီရမည်ဖြစ်သည်၊
       (ဂ)    ပြိုင်ပွဲဝင် ပိုစတာ၊ ဗီဒီယိုများနှင့် စာကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆောင်ရွက်မှုများအတွက် အသုံးပြုခြင်းကို ခွင့်ပြုပေးရမည်၊
       (ဃ)    ပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာပါ အချက်များကို မှန်ကန်စွာ ဖြည့်စွက်ပေးပို့ရမည်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးပိုစတာ၊ ဗီဒီယိုနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူများ၏ ဝင်ခွင့်လျှောက်လွှာ/ဝန်ခံကတိပြုလွှာ များကို အောက်ပါ link တွင် download ရယူနိုင်ပါသည်။


Top