စက်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
မူလဓာတ်ခွဲခန်းအဆောက်အဦအနောက်ဘက်တွင် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ စာချုပ်စာတမ်းများ စိစစ်ရေးဌာနမှ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ် (ဆောက်လုပ်ရေး) ခွင့်ပြုရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ သုတေသနဌာနဝင်းအတွင်းရှိ မူလဓာတ်ခွဲခန်းအဆောက်အဦအနောက်ဘက်တွင် မြေထိန်းနံရံတည်ဆောက်ခြင်း(အရှည် ၁၆၅' x ၇' - ၁၁" အမြင့်) လုပ်ငန်းဆောင်ရွက်မည်ဖြစ်ပါ၍ ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
(က) တင်ဒါပုံစံစတင်ရောင်းချမည့်ရက် - ၂၄.၄.၂၀၂၃ (ရုံးချိန်အတွင်း)
(ခ) တင်ဒါပိတ်မည့်ရက်နှင့် အချိန် - ၁၀.၅.၂၀၂၃ (၁၆း၀၀)နာရီ
(ဂ) တင်ဒါပေးသွင်းရမည့်နေရာ - ညွှန်ကြားရေးမှူးချုပ်ရုံးခန်း
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
စက်မှုဝန်ကြီးဌာန
ရုံးအမှတ်(၃၀)၊ နေပြည်တော်
၂။ တင်ဒါစည်းကမ်းချက်များနှင့် တင်ဒါပုံစံများကို ဖော်ပြပါလိပ်စာ၌ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း (၀၆၇-၄၀၅၂၃၁ / ၄၀၅၃၃၆) သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
စာချုပ်စာတမ်းများစိစစ်ရေးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
ရုံးအမှတ်(၃၀)၊ နေပြည်တော်