စက်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ စက်မှုသင်တန်းကျောင်းများတွင် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် (ဆောက်လုပ်ရေးနှင့် စက်ပစ္စည်း) ခွင့်ပြုရန်ပုံငွေပါ အောက်ဖော်ပြပါ တည်ဆောက်ရေးနှင့် ဝယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရှိပါသဖြင့် တိုင်းရင်းသား လုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
စဉ် | လုပ်ငန်းတည်နေရာ | လုပ်ငန်းအမည် |
၁။ | စသက(၁)ဆင်တဲ Lot-1 |
(က) ကျောင်းဝန်းလုံခြုံရေးအတွက် လိုအပ်သော အရေးကြီးနေရာများတွင် အုတ်တံတိုင်းခြံစည်းရိုးကာရံခြင်း အပိုင်း-၁ (၅၂၉၆' x ၆' အမြင့်) |
(ခ) ကျောက်စီမြေထိန်းနံရံတည်ဆောက်ခြင်း။ (အရှည် ၂၀၀ ပေ x ၂၀ ပေ အမြင့်) | ||
၂။ | စသက(၅) မကွေး Lot-2 |
ကျောင်းဝင်းမြေဧရိယာအား Chain Link ခြံစည်းရိုး ကာရံခြင်း၊ ပေ ၇၅၀၀ x ၅' အမြင့်၊ အပိုင်း (၁) |
၃။ | စသက(၅) မကွေး Lot-3 |
သင်တန်းကျောင်းသီးသန့် လမ်းကြောင်းအား ကွန်ကရစ်လမ်းခင်းခြင်း။ အပိုင်း(၂) (၈၂၅၀' x ၁၆' x ၆" ထု) |
၄။ | စသက(၇) မုံရွာ Lot-4 |
(က) လုံချင်းအိမ် (၅၀' x ၂၀' x ၁၀') အကြီးစားပြုပြင်မွမ်းမံခြင်း (၁)လုံး |
(ခ) အုတ်ခြံစည်းရိုးကာရံခြင်း။ (၂၈၀၀ ပေ x ၆ ပေ အမြင့်) | ||
၅။ | စသက(၃) သာဂရ စက်နှင့်စက်ပစ္စည်း | Universal Milling Machine (၁) လုံးဝယ်ယူခြင်း |
(က) တင်ဒါပုံစံစတင်ရောင်းချမည့်ရက် - ၂၄.၄.၂၀၂၃
(ခ) တင်ဒါပိတ်မည့်ရက်နှင့်အချိန် - ၉.၅.၂၀၂၃ (၁၆း၀၀)နာရီ
(ဂ) တင်ဒါပေးသွင်းရမည့်နေရာ - ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်
၂။ စည်းကမ်းချက်များနှင့် တင်ဒါပုံစံများကို ဖော်ပြပါလိပ်စာ၌ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး အသေးစိတ် အချက်အလက်များကို သိလိုပါက စုံစမ်းနိုင်ပါသည်။
သင်တန်းကျောင်းများကြီးကြပ်ရေးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
ရုံးအမှတ်(၃၀)၊ နေပြည်တော်
ဖုန်း-၀၆၇ ၄၀၅၀၅၁