စက်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ လုပ်ငန်းရုံးချုပ်နှင့် စက်မှုသင်တန်းကျောင်းများတွင် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် (ဆောက်လုပ်ရေး) ခွင့်ပြုရန်ပုံငွေပါ အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရန်ရှိပါသဖြင့် တိုင်းရင်းသား လုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
စဉ် | လုပ်ငန်းတည်နေရာ | လုပ်ငန်းအမည် |
၁။ | စသက(၁)ဆင်တဲ Lot-1 |
(က) အမျိုးသမီးဆောင် (ငုဝါဆောင်) မျက်နှာကြက် ပြုပြင်မွမ်းမံခြင်း။ (၁၂၈' x ၃၀' x ၂၂') |
(ခ) သင်တန်းသား စားရိပ်သာ (၁)လုံးအကြီးစားပြုပြင်ခြင်း။ (၉၆' x ၅၀' x ၁၂') ၊ ရေ/မီး အပါ | ||
(ဂ) သင်တန်းသူစားချက်ဆောင်(၁)လုံးအကြီးစားပြုပြင်ခြင်း။ (၄၈' x ၂၆' x ၁၂') ၊ ရေ/မီး အပါ | ||
(ဃ) သင်တန်းသား/သူ အိပ်ဆောင်များတွင် မိလ္လာကန်(၅)လုံး တည်ဆောက်ခြင်း။ (၂၀' ၃" x ၆' ၆" x ၇') | ||
(င) ရေစုသိုလှောင်ကန် ဂါလံ-၃၀၀၀၀ ဆန့် (၂) လုံး တည်ဆောက်ခြင်း။ | ||
၂။ | စသက(၂) မန္တလေး Lot-2 |
33/11 kV 3000 kVA Transformer နှင့် protection System အကြီးစား ပြုပြင်မွမ်းမံခြင်း |
- | ||
၃။ | စသက(၄) ပခုက္ကူ Lot-3 |
(က) ကျောင်းဝန်းခြံစည်းရိုးကာရံခြင်း(အုတ်ခြံစည်းရိုး) (၂၀၀၀' အရှည် x ၆' အမြင့်) |
(ခ) သင်တန်းသား အိပ်ဆောင်များတွင် လျှပ်စစ်ဆိုင်ရာ အထွေထွေ ပြုပြင်မွမ်းမံခြင်း။ | ||
(ဂ) ဂါလန် (၁၂၀၀၀)ဆံ့ ပေ ၃၀ အမြင့် (Steel Trestle) ရေစင်အကြီးစား အစားထိုးပြုပြင်ခြင်း။ | ||
(ဃ) ၆ လက်မ အဝီစိရေတွင်း (၂)တွင်း ပြုပြင်မွမ်းမံခြင်း။ (၆ လက်မ အဝီစိရေတွင်း (၂) တွင်းရှိ Submersible Pump နှင့် ရေပိုက် များ အစားထိုးပြုပြင်မွမ်းမံခြင်း) | ||
၄။ | စသက(၆) မြင်းခြံ Lot-4 |
(က) သင်တန်းကျောင်းအဝင်ဂိတ်ရှိ လုံခြံရေးအဆောက်အဦ တည်ဆောက်ခြင်း၊ RC (၁၀' x ၁၀' x ၈') |
(ခ) သင်တန်းကျောင်းအတွင်း ကျောက်ကြမ်းလမ်းအား ၆" ထုရှိ ကွန်ကရစ်လမ်းသို့ အဆင့်မြှင့်တင်ခြင်း(လက်ပခုံးအပါအဝင်) အပိုင်း (၃) ၊ (၅၁၅' x ၁၂' x ၆") (Box Culvert အပါ) | ||
(ဂ) Residetial Transformer အထွက် Breaker နှင့် Breaker မှ Overhead Line ကြားသွယ်တန်းထားသော Cable လဲလှယ်ပြုပြင်ခြင်း ၊ Breaker (250 A / 4 Pole MCCB) ၊ Cable (50 mm 2 x 4 Core) L= 30m | ||
၅။ | စသက(၈) သထုံ Lot-5 |
(က) Electrical Trade တွင် Shera Board Ceiling တပ်ဆင်ခြင်း။ (၂၁၅၀ စ/ပ) |
(ခ) ကွန်ကရစ်လမ်းခင်းခြင်း။ (၁၆၀၀ ပေ x ၁၆ ပေ x ၆ လက်မထု) အောက်ခံကျောက်ကြီးခင်းခြင်းအပါ | ||
(ဂ) Main Drain (အုတ်ရေမြောင်း) ပြုလုပ်ခြင်း (၁၆၀၀ ပေ အရှည်) | ||
၆။ | ရန်ကုန်တိုင်းဒေသကြီး(အင်းစိန်မြို့နယ်) Lot-6 |
မူလဓာတ်ခွဲခန်း အဆောက်အဦအနောက်ဘက်တွင် မြေထိန်းနံရံ တည်ဆောက်ခြင်း(အရှည် ၁၆၅' x ၇' ၁၁" အမြင့်) |
(က) တင်ဒါပုံစံစတင်ရောင်းချမည့်ရက် - ၂၄.၄.၂၀၂၃
(ခ) တင်ဒါပိတ်မည့်ရက်နှင့်အချိန် - ၂.၅.၂၀၂၃ (၁၆း၀၀)နာရီ
(ဂ) တင်ဒါပေးသွင်းရမည့်နေရာ - ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်
၂။ စည်းကမ်းချက်များနှင့် တင်ဒါပုံစံများကို ဖော်ပြပါလိပ်စာ၌ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး အသေးစိတ် အချက်အလက်များကို သိလိုပါက စုံစမ်းနိုင်ပါသည်။
သင်တန်းကျောင်းများကြီးကြပ်ရေးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
ရုံးအမှတ်(၃၀)၊ နေပြည်တော်
ဖုန်း-၀၆၇ ၄၀၅၀၅၁