THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)ရှိ ဆိုလာအလုပ်ရုံ PUBLIC PRIVATE PARTNERSHIP (PPP)...

အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)ရှိ ဆိုလာအလုပ်ရုံ PUBLIC PRIVATE PARTNERSHIP (PPP) အတွက် စိတ်ဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာ(EXPRESSION OF INTEREST -EOI)ခေါ်ယူခြင်း(သက်တမ်းတိုး)


Fri 17-06-2022 No.24 Heavy Industry (Dagon) Solar Factory

                                                စက်မှုဝန်ကြီးဌာန
                                                အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
                                                အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)ရှိ ဆိုလာအလုပ်ရုံ
                                                Public Private Partnership (PPP) အတွက်
                                                စိတ်ဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာ(Expression of Interest -Eol)ခေါ်ယူခြင်း(သက်တမ်းတိုး)


၁။     စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)ရှိ ဆိုလာအလုပ်ရုံအား ပြည်တွင်းပြည်ပမှ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် Public Private Partnershir (PPP)ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (Expressior of Interest -Eol) ခေါ်ယူသွားမည် ဖြစ်ပါသည်။
၂။    ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော ပြည်တွင်း/ပြည်ပကုမ္ပဏီများသည် ၎င်းတို့၏ စိတ်ဝင်စား အဆိုပြုလွှာကို စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ စီမံရေးဌာန ၊ ရုံးအမှတ်(၄၁)၊ နေပြည်တော်သို့ လိပ်မူ၍ (၂၁-၇-၂၀၂၂)ရက်နေ့၊ ညနေ(၃:၀၀)နာရီ (မြန်မာစံတော်ချိန်)အရောက် ပေးပို့တင်ပြရမည်ဖြစ်ပါသည်။
၃။    အဆိုပြုလွှာပုံစံနှင့် အခြားသက်ဆိုင်ရာစာရွက်စာတမ်းများကို အောက်ပါကုမ္ပဏီဆိုင်ရာ အထောက်အထားများ တင်ပြ၍ အထက်ပါလိပ်စာတွင် (၂၂-၆-၂၀၂၂)ရက်နေ့မှစ၍ လာရောက် ထုတ်ယူနိုင်ပါသည်-
           (က)    လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်းကို တိကျသေချာစွာ ဖော်ပြထားသည့်အကြောင်းကြားစာ 
           (ခ)     သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်
           (ဂ)     ကုမ္ပဏီသင်းဖွဲ့မှတ်တမ်း / စည်းမျဉ်း
           (ဃ)    နည်းပညာပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီအချက်အလက်များ 
           (င)     ရင်းနှီးမြှုပ်နှံလိုသူများ၏လုပ်ကိုင်မည့် လုပ်ငန်းအတွက်အတွေ့အကြုံ
           (စ)     ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်ရန်အတွက် Contact Person ၏ အမည်၊ ရာထူး၊ လိပ်စာ၊ ဖုန်း၊ Email
                   (သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် ဖုန်း-ဝ၆၇- ၄၀၈၆၇၅၊ ၀၆၇-၄၀၈၆၇၆)


 


Top