၁။ အာဆီယံနိုင်ငံများတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးအတွက် အားပေးနိုင်ရန်ရည်ရွယ်၍ ၂၀၀၀ ပြည့်နှစ်မှစတင်ကာ ASEAN Center for Energy (ACE)မှ ဦးစီး၍ ASEAN Energy Award ဖိတ်ခေါ်ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိပါသည်။ ယခုအခါ ASEAN Energy Award 2022 ပြိုင်ပွဲအား ကျင်းပမည်ဖြစ်ရာ Energy Efficiency နှင့်သက်ဆိုင်သည့် အောက် ဖော်ပြပါ ပြိုင်ပွဲအမျိုးအစား (၃) ခုတွင် စက်ရုံ၊ အလုပ်ရုံများနှင့် အဆောက်အဦများအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည် -
(က) ASEAN Best Practices for Energy Efficient Buildings (EEB) Awards
(ခ) ASEAN Best Practices for Energy Management (EM) in Buildings and Industries Awards
(ဂ) ASEAN Best Practices Competition for Green Building Awards
၂။ ပြိုင်ပွဲဝင်လျှောက်လွှာပုံစံကို စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ စွမ်းအင် ခြိုးခြံချွေတာရေးဌာနထံ ဆက်သွယ်ရယူနိုင်ပြီး ပြိုင်ပွဲဝင်လျှောက်လွှာများကို အဆိုပါဌာနသို့ ၂ဝ.၃.၂ဝ၂၂ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ပါသည်။
၃။ အဆိုပါပြိုင်ပွဲနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းလိုပါက စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စွမ်းအင်ခြိုးခြံချွေတာရေးဌာန ဖုန်းအမှတ် ဝ၆၇-၃၄ဝ၅၂၂၈ နှင့် ၁၆၇-၃၄၀၅၂၂၉၊ အီးမေးလ် လိပ်စာ၊ eecd.mol@gmail.com နှင့် eencdic@e-industry.gov.mm တို့သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။