အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ အိမ်သုံးပစ္စည်းစက်ရုံ(မင်းစု)အတွက် အောက်ဖော်ပြပါ စက်ပစ္စည်း(၂)မျိုးကို စက်ရုံအရောက် မြန်မာကျပ်ငွေဖြင့် ဝယ်ယူဖြည့်တင်း ဆောင်ရွက်လိုပါသည်−
(က) Stainless Steel Pipe Making Machine (1)Set
( ခ) Laser Cutting Machine (1)No
၂။ ဈေးနှုန်းတင်သွင်းလွှာများကို ပေးသွင်းရမည့်အစီအစဉ်
(က) တင်ဒါပိတ်သိမ်းမည့် ရက်နှင့်အချိန် (၁၃.၁၂.၂၀၁၈)ရက်နေ့ (၁၆:၀၀)နာရီ
( ခ) တင်ဒါပေးသွင်းရမည့်နေရာ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
စက်မှုဝန်ကြီးဌာန
ရုံးအမှတ်(၃၇)၊ နေပြည်တော်
၃။ တင်ဒါပုံစံများကို (၂၈.၁၁.၂၀၁၈)ရက်နေ့မှစ၍ ရုံးချိန်အတွင်း နည်းပညာဖွံ့ဖြိုးရေးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်တွင် လာရောက်ဝယ်ယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း(ရုံးချုပ်) ဖုန်း ၀၆၇ - ၃၄၀၈၁၂၉၊ အိမ်သုံးပစ္စည်းစက်ရုံ(မင်းစု) ဖုန်း ၀၉-၇၉၆၅၅၇၃၂၂၊ ၀၉-၇၉၆၃၈၇၁၀၈ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။