THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News Drawing Board Set ဝယ်ယူရန် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ အိတ်ဖွင့်တင်ဒါခ...

Drawing Board Set ဝယ်ယူရန် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


Mon 10-05-2021 Directorate of Industrial Collaboration

စက်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
စက်နှင့်စက်ပစ္စည်းများဝယ်ယူခြင်းအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။      စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ အမှတ်(၇)စက်မှု သင်တန်းကျောင်း(မုံရွာ)နှင့် အမှတ်(၈)စက်မှုသင်တန်းကျောင်း(သထုံ)တို့တွင် အသုံးပြုရန်အတွက် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်းအသုံးစရိတ်မှ အောက်ဖော်ပြပါ စက်နှင့်စက်ပစ္စည်းများ အား မြန်မာကျပ်ငွေဖြင့် ဝယ်ယူ ဆောင်ရွက်ရန်ရှိပါသဖြင့် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များမှ  အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
    စဉ်        ပစ္စည်းအမျိုးအမည်                                              အရေအတွက်
    (က)      Drawing Board Set (A0 Size)                                   (၁၂၅)စုံ
                (1200 L x 900 W x 800 H )mm,(Tools Included)
     တင်ဒါပုံစံစတင်ရောင်းချမည့်ရက်     -     ၁၀ .၅ . ၂၀၂၁
     တင်ဒါပိတ်မည့်ရက်နှင့်အချိန်           -    ၂၁ . ၅.၂၀၂၁  (၁၆:၀၀) နာရီ
     တင်ဒါပေးသွင်းရမည့်နေရာ              -    ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊
                                                              စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်

၂။    စည်းကမ်းချက်များနှင့် တင်ဒါပုံစံများကို ဖော်ပြပါလိပ်စာ၌ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး  အသေးစိတ် အချက်အလက်များကို သိလိုပါက စုံစမ်းနိုင်ပါသည်။
       သင်တန်းကျောင်းများကြီးကြပ်ရေးဌာန
       စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
       ရုံးအမှတ်(၃၀)၊ နေပြည်တော်
       ဖုန်း- ၀၆၇ ၄၀၅၀၅၁


Top