စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းရှိ အမှတ်(၇)အထည်စက်ရုံခွဲ(ဝမ်းတွင်း)တွင် အောက်ဖော်ပြပါ လုပ်ငန်းကို မြန်မာကျပ်ငွေဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်လိုပါသည်-
စဉ် လုပ်ငန်းအမည်
(က) ရေစက်အမှတ်(၁)ခြံစည်းရိုးကာရံခြင်း (၄၂၂' x ၆' ၆")
(ခ) ရေစက်အမှတ်(၂)ခြံစည်းရိုးကာရံခြင်း (၁၅၃၀' x ၆' ၆")
၂။ ဈေးနှုန်းတင်သွင်းလွှာများကို ပေးသွင်းရမည့်အစီအစဉ်
(က) တင်ဒါပိတ်သိမ်းမည့်ရက်နှင့်အချိန် - (၁၇.၁၂.၂၀၂၀)ရက်နေ့ ညနေ (၁၆း၀၀)နာရီ
(ခ) တင်ဒါတင်သွင်းရမည့်နေရာ - တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန
ရုံးအမှတ်(၃၇)၊ နေပြည်တော်
၃။ တင်ဒါပုံစံကို (၄.၁၂.၂၀၂၀)ရက်နေ့မှစ၍ ရုံးချိန်အတွင်း နည်းပညာဖွံ့ဖြိုးရေးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်တွင် လာရောက်ဝယ်ယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း(ရုံးချုပ်) ဖုန်း ၀၆၇-၃၄၀၈၁၂၉၊ အမှတ်(၇)အထည်စက်ရုံခွဲ(ဝမ်းတွင်း)၊ ဖုန်း ၀၆၄-၂၀၅၀၀၀၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။