ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
စိတ်ဝင်စားမှုအဆိုပြုလွှာ Expression of Interest (EoI) ဖိတ်ခေါ်ခြင်း
အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း) နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း)သည် ဧရာ၀တီတိုင်း ဒေသကြီး၊ သာပေါင်းမြို့နယ်၊ ငဝန်မြစ်အနောက်ဘက်ကမ်း၊ လှေကြီးတက်ကျေးရွာအနီးတွင် တည်ရှိ ပြီး စက္ကူနှင့်ပျော့ဖတ်စက်ရုံစုနယ်မြေတစ်ခုအဖြစ် တစုတစည်းတည်းထူထောင်၍ စက္ကူနှင့်ပျော့ဖတ် ထုတ်လုပ်မှုလုပ်ငန်းများကို အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ပါဝင်စားသော ပြည်တွင်း/ ပြည်ပကုမ္ပဏီများသို့ Expression of Interest (EoI) အဆိုပြုလွှာပေးပို့ရန် ဖိတ်ခေါ်အပ်ပါသည်။
အဆိုပြုလွှာပုံစံအား နည်းပညာဖွံ့ဖြိုးရေးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း(ရုံးချုပ်)၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်တွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပါသည်-
(က) အဆိုပြုလွှာပုံစံရောင်းချမည့်ရက် - (၄.၉.၂၀၂၀)ရက်နေ့မှ (၂.၁၀.၂၀၂၀)ရက်နေ့ထိ
(ခ) အဆိုပြုလွှာပုံစံနောက်ဆုံးတင်သွင်းရမည့်ရက်နှင့်အချိန် - (၅.၁၀.၂၀၂၀)ရက်နေ့၊(၁၆:၀၀)နာရီ
အသေးစိတ်သိရှိလိုပါက နည်းပညာဖွံ့ဖြိုးရေးဌာန၊ ဖုန်း ၀၆၇-၃၄၀၈၂၉၃၊ ၀၆၇-၃၄၀၈၁၉၃၊ ၀၆၇-၃၄၀၈၁၂၉ နှင့် mpcipl@gmail.com တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန