စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်းမှ
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ မီးခံဘိလပ်မြေပြားစက်ရုံခွဲ(မှော်ဘီ)ရှိ စက်အရန်ပစ္စည်း၊ စက်ဆီချောဆီ၊ လောင်စာဆီနှင့် အခြားသွယ်ဝိုက်ပစ္စည်းများအား မျက်မြင်အခြေအနေအတိုင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။
၂။ တင်ဒါပုံစံများနှင့် စည်းကမ်းချက်ကို နည်းပညာဖွံ့ဖြိုးရေးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ ရုံးအမှတ်(၄၁)၊ နေပြည်တော်တွင် (၇.၆.၂၀၁၈)ရက်နေ့မှ (၁၀.၇.၂၀၁၈)ရက်နေ့အထိ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး (၁၀.၇.၂၀၁၈)ရက်နေ့၊ မွန်းတည့် (၁၂:၀၀)နာရီတိတိ နောက်ဆုံးထား၍ တင်ဒါပေးသွင်းရန်ဖြစ်ပါသည်။
ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၆၇-၃၄၀၈၂၀၈၊ ၀၆၇-၃၄၀၈၁၆၀
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ