စက်မှုဝန်ကြီးဌာန
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင် ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာနှစ်(ငွေလုံးငွေရင်းအသုံးစရိတ်)ဖြင့် အောက်ဖော်ပြပါ တည်ဆောက်ရေး လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆောင်ရွက်လိုပါသဖြင့် တိုင်းရင်းသား လုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-
Item | လုပ်ငန်းတည်နေရာ | လုပ်ငန်းအမည် |
Lot-1 | ရန်ကုန်တိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ မရမ်းကုန်းမြို့နယ် | SME Centre ရုံး RC (၃)ထပ်(၁)လုံး(၈၀'x ၅၀'x ၃၂') ဆောက်လုပ်ခြင်း |
Lot-2 | မကွေးတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ မကွေးမြို့ | တိုင်းရုံး RC (၂)ထပ်(၁)လုံး(၆၅' x ၃၅' x ၂၂') ဆောက်လုပ်ခြင်း |
Lot-3 | မကွေးတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ မကွေးမြို့ | ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ RC (၂)ထပ် (၁)လုံး (၈၀' x ၃၃' x ၂၂') ဆောက်လုပ်ခြင်း |
Lot-4 | စစ်ကိုင်းတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ မုံရွာမြို့ | တိုင်းရုံး RC (၂)ထပ် (၁၂၆' x ၂၆' x ၂၂') ဆောက်လုပ်ခြင်း |
Lot-5 | ရွှေဘိုခရိုင်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ | ခရိုင်ရုံး RC (၁)ထပ် (၇၆' x ၇၆' x ၁၂')ဆောက်လုပ်ခြင်း |
(က) တင်ဒါပုံစံစတင်ရောင်းချရက် - (၂၀.၇.၂၀၁၇)ရက် နံနက်(၉:၃၀)မှ (၁၆: ၃၀)နာရီထိ
( ခ ) တင်ဒါပိတ်မည့်ရက်နှင့်အချိန် - (၁၈.၈.၂၀၁၇) ရက်၊ (၁၆: ၀၀)နာရီ
( ဂ ) တင်ဒါပေးသွင်းရမည့်နေရာ - ရုံးအမှတ်(၄၁)၊ စက်မှုကြီးကြပ်ရေးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ နေပြည်တော်
၂။ လုပ်ငန်းမြန်ဆန်ပြီးမြောက်ရေးအတွက် ငွေကြေးတန်ဖိုးချင်းတူပါက သက်ဆိုင်ရာပြည်နယ်ဒေသခံကုမ္ပဏီများကို ဦးစားပေးယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
၃။ စည်းကမ်းချက်များနှင့် တင်ဒါပုံစံများကို ဖော်ပြပါလိပ်စာ၌ ရုံးချိန်အတွင်းဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များကို စုံစမ်းမေးမြန်းနိုင်ပါသည်။
စုံစမ်းရန်
ရုံးအမှတ်(၄၁)၊
စက်မှုကြီးကြပ်ရေးဌာန၊
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊
နေပြည်တော်
ဖုန်း-၀၆၇-၄၀၈၂၉၁