အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း အိမ်သုံးပစ္စည်းစက်ရုံ(မင်းစု)အတွက် အောက်ဖော်ပြပါ စက်ပစ္စည်းအား စက်ရုံအရောက် မြန်မာကျပ်ငွေဖြင့် ဝယ်ယူဖြည့်တင်းဆောင်ရွက်လိုပါသည်-
(က) Stainless Steel Pipe Making Machine (1)Set
၂။ စျေးနှုန်းတင်သွင်းလွှာများကို ပေးသွင်းရမည့်အစီအစဉ်
(က) တင်ဒါပိတ်မည့်ရက် နှင့် အချိန် - (၁၅.၂.၂၀၁၉)ရက်နေ့(၁၆:၀၀)နာရီ
(ခ)တင်ဒါပေးသွင်းရမည့်နေရာ - တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်
၃။ တင်ဒါပုံစံများကို (၃၀.၁.၂၀၁၉)ရက်နေ့မှစ၍ ရုံးချိန်အတွင်း နည်းပညာဖွံ့ဖြိုးရေးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်တွင် လာရောက်ဝယ်ယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များသိရှိလိုပါက အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း(ရုံးချုပ်) ဖုန်း-၀၆၇၄၀၈၁၂၉၊ အိမ်သုံးပစ္စည်းစက်ရုံ(မင်းစု) ဖုန်း-၀၉၇၉၉၆၅၅၇၃၂၂၊ ၀၉-၇၉၆၃၈၇၁၀၈ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။