စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၏
မီးခံဘိလပ်မြေပြား စက်ရုံခွဲ(မှော်ဘီ) အား
အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest-EoI)
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ မီးခံဘိလပ်မြေပြားစက်ရုံခွဲ (မှော်ဘီ) အား ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် အစီအစဉ်ရှိပါသည်။
စိတ်ဝင်စားသော ကုမ္ပဏီများသည် စိတ်ဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာ EoI အား အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ နည်းပညာ ဖွံ့ဖြိုးရေးဌာန၊ ရုံးအမှတ် (၄၁)၊ နေပြည်တော်သို့ လိပ်မူလျက် ၂၀၁၇ ခုနှစ်အောက်တိုဘာလ (၂၄ ) ရက် ညနေ ၃:၀၀ နာရီ ပေးပို့ရမည်ဖြစ်ပါသည်။ အဆိုပြုလွှာပုံစံ၊ လမ်းညွှန်ချက်များနှင့် အခြားသက်ဆိုင်သည့် စာရွက်စာတမ်းများအား ကုမ္ပဏီဆိုင်ရာ အထောက်အထားများ တင်ပြလျက် အထက်ပါလိပ်စာတွင် ၂၅.၉.၂၀၁၇ မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်။
(အသေးစိတ် သိရှိလိုပါက ဖုန်း- ၀၆၇ ၄၀၈၂၀၈ ၊ ၀၆၇ ၄၀၈၁၆၀)